♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 16, 2014

' ကြွက်တွင်းမြင် လက်မကမြင်းပါနဲ့ '

                    ကြွက်တွင်းထဲက ငါးမန်း

တရက် အိမ်ဘေးက ကွက်လပ်မှာ ကြွက်တွေတွင်းတူးထား
ပြီး ညတိုင်း တွင်းထဲက ကြွက်တွေထွက်လာပြီး သောင်းကျန်းလို့ မြေဖို့ ဘို့ လုပ်တာ ကြွက်တွင်းထဲက ငါးခုန်သံကြားလို့ 
မြေမဖို့ တော့ ဘဲ ငါးမျှားတံ ထိုးပြီး ငါးမျှားလိုက်တာ ကက
တစ်ငါးကြီး တကောင် ရလာတယ် သုံးပိသာကျော်တယ်။
 တော်တော်ည်း အံ့သြမိတယ် ဒီကုန်းပေါ်မှာရှိတဲ့ ကြွက်တွင်း
ထဲကနေ ပင်လယ်ငါးရလာတယ်ဆိုတာ တော်တော်အံ့သြစ
ရာကောင်းတာပေါ့။ ဒီလိုဘဲ နေ့ တိုင်း တကောင်စီမျှားစားရင်း
တရက်တော့ တွင်းထဲက ငါးကဆွဲတော့ ဆွဲထုတ်ရတာ တော်
တော်နှင့် ဆွဲထုတ်လို့ မရဘူး။ အတွင်းဆွဲအားက သိပ်ကြီးမား
နေတယ်။ ဒါနှင့် အီမ်နီးချင်းမိတ်ဆွေတွေနှင့် ဝိုင်းဆွဲတာ လူ
ဆယ်ယောက် ဆွဲမှ တွင်းနှုတ်ခမ်းကြီး ကွဲထွက်လာပြီး ငါးမန်းကြီးတကောင်ထွက်လာတော့တာဘဲ။ အဲဒါ အံ့အားသင့်နေတုန်း ငါးမန်းက ထကိုက်ဖို့ လုပ်တာ မသေလို့ ကံကောင်းတယ်။ နောက်ဆုံး လူတယောက်က သူ့ နားမှာထိုးထားတဲ့သွားကြားထိုးတံကို ထုတ်ပြီးငါးမန်းရဲ့တင်ပါးကို ဆောင့်ထိုး
လေးထိုးလိုက်တာ ငါးမန်းကြီးကတွင်းထဲပြန်ဝင်သွားတယ်။

ဒါနှင့် ပင်လယ်ငါးမန်းကြီးက ကြွက်တွင်းထဲ ဘယ်လိုရောက်
လာရတာလဲဆိုတာကိုပတ်ဝန်းကျင်ကလူတွေကအံ့သြလွန်းလို့ အဏ္ဏဝါဗေဒ ပညာရှင်ကို သွားမေးတာ သူက ဆူနာမီ
ကြောင့် ပင်လယ်ထဲကငါးတွေက ကုန်းမြေအောက်က မြေ
အောက်ရေအိုင်ကြီးထဲ ရောက်သွားရခြင်းဖြစ်ပါတယ်တဲ့။
ဒါကြောင့် ကြွက်တွင်းတွေ့တိုင်း သွားမနှိုက်ပါနှင့်တဲ့။ တချိန်
က မြေအောက်မှာ ပိတ်နေတဲ့ ဒိုင်နိုဆောတွေ လည်းထွက်
လာနိုင်ပါတယ်တဲ့။ ဒိုင်နိုဆော ထွက်လာရင် သွားကြားထိုး
တံနှင့် ထိုးလို့ ရမှာမဟုတ်ဘဲ နားဖာပလော်နှင့်ထိုးမှ ရရင်
ရလိမ့်မယ် ဒါပေမဲ့ သိပ်ပြီး အန္တရာယ်ကြီးလွန်းလို့ ''ကြွက်တွင်းမြင် လက်မကမြင်း''နှင့် လို့  မှာလိုက်ပါတယ်

ရောသမအစ်ကိုကြီးတင်ဆက်ထားတာပါဗျာ

ကျွန်တော်ရောသမမောင်စိုးကိုဆက်သွယ်ချင်တဲ့ဆိုရင်တော့ mgsoemin1995@gmail.com
ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ မောင်စိုးဖုန်းနံပါတ်ကတော့ 09250370904 ဖြစ်ပါတယ်
ကျွန်တော်မောင်စိုးကတော့ ပညာသင်ဖြစ်ပါတယ်ဗျာ ဆရာကြီးမပာုတ်ပါဘူး
နောင်ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ ဖြစ်နိုင်မယ်ဆိုရင် ကြော်ငြာကိုကလစ်နှိပ်ပေးပါနော်.…

No comments:

Subscribe

လာလည်သူများ

free counters